
Khit Thit Media
チャンネル登録者数 268万人
56万 回視聴 ・ 23172いいね ・ 2025/05/14
Khit Thit သတင်းဌာန၏ မေ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit သတင်းဌာန၏ မေ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ကရင်ပြည်နယ် ၊ ထိုင်း-မြန်မာနယ်စပ်အနီးက အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လာနေတဲ့ KNLA PDF ပူးပေါင်းတပ်တွေဟာ နောက်ထပ် ထိုင်းမြန်မာ နယ်စပ်က ခမရ ၂၄ တာလယ် ဗျူဟာ စစ်တပ်စခန်းကြီးကိုပါ မေလ ၁၃ ရက်နေ့ဖြစ်တဲ့ မနေ့ကပဲ ထပ်မံ သိမ်းပိုက်လိုက်ပြီလို့ KNU သတင်းရင်းမြစ်က ပြောထားသလို ထိုင်းသတင်းတွေမှာလည်း ဖော်ပြနေကြပါတယ်။
ပဲခူးတိုင်းက ကြို့ပင်ကောက်မြို့နယ်မှာ ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ နယ်ထိန်းရဲ မာန်ဟိန်း ဆိုသူ ဆိုင်ကယ်စီးလာတဲ့အချိန် တော်လှန်ရးရဲဘော်တွေက ပစ်ခတ်ရှင်းလင်းရာမှာ နီးစပ်ရာ နေအိမ်အထိ ဝင်ပြေးပေးမယ့် မလွတ်ပဲ ပွဲချင်းပြီးကိုသေသွားတယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မန္တလေးတိုင်းက ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ပေါင်းပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ရွှေတောင်ကျေးရွာ အုပ်ချုပ်ရေးမှုး ထွန်းဦးဆိုသူ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
コメントを取得中...